Thursday, April 23, 2009

Charlotte မှာ စပရင်းရာသီ


အတ္တလန္တိတ်ကမ်းစပ်က
Charlotte ဆိုတဲ့အရပ်မှာ
လက်ခမောင်းပဲ ခတ်ရမလား
လက်မောင်းပဲ ပြတ်ထွက်မလား
သနားတယ်

JFK နိုင်ငံတကာလေဆိပ်မှာ
ရေဆာလို့အိမ်သာရေသောက်ဖူးလား
သနားတယ်
သနားတယ်
နယူးယောခ်မော်တယ်လ်တခုရဲ့
ဇိမ်ခံမွေ့ယာနှစ်ထပ်ပေါ်မှာ
ထမင်းအထပ်ထပ် ငတ်ဖူးလား
သနားတယ်
သနားတယ်
IOM အိတ်ကြီး တကိုင်ကိုင်
လူသွားစင်္ကြမှာ
သူတောင်းစားတယောက်လိုထိုင်ရင်း
ဖြတ်သွားဖြတ်လာ
ပေါင်တံရောင်စုံတွေဂွကြားကနေ
ကမ္ဘာကျော်စာအုပ်ဆိုင်ကြီးတဆိုင်ကို
ချောင်းကြည့်ဘူးရဲ့လား
သနားတယ်
ယမ်းထုတ်ထားတဲ့ ကျည်ဆံခွံတခွံ
အနုပညာထုတ်ထားတဲ့ လူခွံတယောက်
လူ့အဖြစ်လေး မဖြစ်စလောက်မှာ
ကိုယ့်ရင်သွေးကိုတောင်
လောကကို အပေါင်ပေးထားရတဲ့ ကျားနာတကောင်
ကော်လံပြာဝတ်စုံတစုံအတွက်
ကျောပိုးအိတ်ထဲ
အမေ့ဓာတ်ပုံနဲ့
အမိမြေရဲ့သဲတဆုပ်ကိုထည့်
အမေရိကားတိုက်ကို ခုန်အုပ်ခဲ့
သြော်…ဒါနဲ့
ငါလား…
အရှေ့တောင်အာရှတနေရာက
ဖဲရှုံးလာတဲ့
အသည်းကွဲသမားခရစ္စတိုဖာကိုလန်ဘတ်စပေါ့
ကျွန်လေယာဉ်ပျံကြီးစီးပြီး
မဟာသမုဒ္ဒရာကြီးတွေဖြတ်ခဲ့တယ်။ ။
သစ်ကောင်းအိမ်
( ၃၁. မေလ. ၂၀၀၈)
Charlotte =မြောက်ကယ်လိုင်းနားပြည်နယ်မြို့တော်
IOM = International Organization for Migration



7 comments:

လင်းဒီပ said...

“အရှေ့တောင်အာရှတနေရာက
ဖဲရှုံးလာတဲ့
အသည်းကွဲသမားခရစ္စတိုဖာကိုလန်ဘတ်စပေါ့
ကျွန်လေယာဉ်ပျံကြီးစီးပြီး
မဟာသမုဒ္ဒရာကြီးတွေဖြတ်ခဲ့တယ်။”

ကျွန်လေယာဉ်ပျံကြီးစီးပြီး မဟာသမုဒ္ဒရာကြီးတွေဖြတ်ခဲ့တဲ့ ကဗျာတွေ ဖတ်သွားပါတယ်ဗျာ..။

အိန္ဒြာ said...

ကိုယ့်ရင်သွေးကိုတောင်
လောကကို အပေါင်ပေးထားရတဲ့ ကျားနာတကောင်
ကော်လံပြာဝတ်စုံတစုံအတွက်
ကျောပိုးအိတ်ထဲ
အမေ့ဓာတ်ပုံနဲ့
အမိမြေရဲ့သဲတဆုပ်ကိုထည့်
အမေရိကားတိုက်ကို ခုန်အုပ်ခဲ့
သြော်…ဒါနဲ့
ငါလား…
အရှေ့တောင်အာရှတနေရာက
ဖဲရှုံးလာတဲ့
အသည်းကွဲသမားခရစ္စတိုဖာကိုလန်ဘတ်စပေါ့

((((((((ကောင်းလိုက်တာ..ဗျာ..)))))))))))))

MANORHARY said...

ွgreat!!

မယ့်ကိုး said...

လူ့အဖြစ်လေး မဖြစ်စလောက်မှာ
ကိုယ့်ရင်သွေးကိုတောင်
လောကကို အပေါင်ပေးထားရတဲ့ ကျားနာတကောင်...

ကောင်းလွန်းလှတယ်...

လင်းဦး(စိတ်ပညာ) said...

တကယ့်ကို ကောင်းတဲ့အရေးအသားပေပဲဗျာ.. နှစ်နှစ်ခြိုက်ခြိုက် လာဖတ်သွားတယ်

ကေဇီလင်း said...

အရမ်းကောင်းတဲ့ ကဗျာလေးပဲနော်။

Anonymous said...

ဖုံးရှဲသော်လည်း ပြုံးဆဲပါလား ဆရာ

:D