Thursday, December 4, 2008

poem from yinwaykyal blog

ညပျက်

ကိုယ်ရေးကိုယ်တာတောင်ပံများ (၂)


ဘ၀ဆိုတဲ့

ဒုက္ခသည်စခန်းထဲ

ဒုက္ခသည် ငါထပ်ဖြစ်ခဲ့ရ


လူဆိုတဲ့

သုံ့ပန်းတယောက်အဖြစ်ထဲ

သုံ့ပန်းတယောက် ငါထပ်ဖြစ်ခဲ့ရ


လှောင်အိမ်မြဲတဲ့ငှက်တကောင်က

မှန်ရေအိုင်ထဲက ရွှေငါးလေးတယောက်ရဲ့ဘဝ

‘လွတ်မြောက်ပါစေသား’

ဆုတောင်းခွင့်ရောရှိလို့လား


ညီမလေးရယ်

၃၁ ဘုံမှာ

ငါတို့ထိရှမိကြတယ်။


[ မူရင်း - http://yinwaykyal.blogspot.com/2008/11/blog-post_16.html ]