Thursday, January 21, 2010

ကဗျာမရေးဖြစ်တဲ့အကြောင်း

မနက်ခင်းမှာ ငှက်ကလေးတွေရဲ့သီချင်းတွေ
အသံဝင်သွားတဲ့နေ့ကစလို့
ကျည်ဆံခွံဟောင်းနဲ့ဘုရားပန်းအိုးထိုးတယ်ဘာညာ ပလီပလာတွေလုပ်နေလို့
ကျမအသစ်ကလေးပါပြောလည်း ဒီညဈေးဦးမပေါက်ခဲ့လို့
နီဂရိုးမလေးအတွက် နီရိုမော်ဒန်နဲ့
အလန်းလေးဖတ်ဖို့ လန်းဂွစ်စတစ်ပိုယဲ့ထရီတွေ မရေးတတ်လို့
ဆယ်လမွန်ငါးတွေပြန်မရတော့ဘူး ဆူရှီဗူးထဲရောက်ကုန်လို့
ခုရှုနေတဲ့ဆေးခြောက်က ကိုလံဘီယာကလာတာလို့ ကြွားနေလို့
အမိုးသမီးလေးက မိုးတွေခေါင်နေလို့
ကြက်ဆူတောမှာ ခွေးတွေဟောင်နေလို့
ဆွဲစရာမရှိရင် ဘာဆက်ဆွဲထားရမလဲဆိုပြီး
သစ်ကိုင်းလွတ်မျောက်တကောင်က နပူနဆာလာတိုက်နေလို့
အဝေးရောက်အစိုးရမှာလည်း ရွေးကောက်ပွဲဆိုတာမရှိလို့
ထောင်နှုတ်ခမ်းနင်းဖူးပေမဲ့ ဒင်းကလေးရဲ့နှုတ်ခမ်းကို မနမ်းဖူးသေးလို့
ဟိုကောင်ကြီးမြေး ရန်ကုန်မြစ်ထဲ အောက်စက်လေးတပွေနဲ့လေညင်းခံထွက်နေလို့
၂၀၁၀ရွေးကောက်ပွဲဝင်မလားစဉ်းစားနေလို့
၂၀၁၂ကျ ကမ္ဘာပျက်မှာတွေးကြောက်နေလို့
စီးပွားပျက်ကပ်အကြောင်းပြပြီး သူမိန်းမ စကပ်ဖိုးကြိတ်စုနေတဲ့
ဇော်ကြီးဆိုတဲ့ကောင်ကို ကြည့်မရလို့
ဟေတီငလျင်ကို ကြပ်ပြေးပလ္လင်အောက် မ,မရွှေ့နိုင်သေးလို့
ပစ္စုပ္ပာန်ရွဲ့ရွဲ့ကိုရှုမြင်နေလို့
မဟာသမ္မတမင်းကြီး ကယ်တော်မူပါ
ဘာဆက်ရေးရမှန်း မသိတော့ဘူး။ ။

၂၀ ဇန်န၀ါရီ ၂၀၁၀
(ကျနော်ကဗျာမရေးဖြစ်တဲ့အကြောင်း
ကဗျာရေးခိုင်းဖူးတဲ့ ကိုအောင်သာငယ်သို့….)