Friday, April 17, 2009

ငါ့ဆံပင်တွေပြန်ရှည်လာပြီ မာရီလင်


နက္ခတ်မကြုံလည်း
မြေသားပေါ်က ငရဲဘုံမှာ
တို့ပြန်ဆုံကြရအောင်....

ကိုယ်ပိုင်အရောင်အဆင်းမရှိတဲ့
ကြယ်အလင်းတွေအောက်မှာ
ပိုးစုန်းကြူးငယ်တွေက
မင်းကိုလှောင်ရယ်နေကြလိမ့်မယ်
ပျောက်ဆုံးသွားတဲ့မီးပြတိုက်တွေအတွက်
ငိုရှိုက်မနေပါနဲ့တောာ့ မာရီလင်
လူ့အဖြစ်သားရဲတွင်းထဲ
လေထီးမပွင့်ဘဲခုန်ဆင်းခဲ့
ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ဟာ
မဆုံးတဲ့ညဥ့်နက်တွေကို
လှိုဏ်ခေါင်းတူးဖောက်ထွက်နေတဲ့ မြေကြွက်တကောင်
မရိတ်သိမ်းရသေးတဲ့ ကောက်ရိုင်းပင်တွေအတွက်
နွေဦးကြိုတံစဉ်တလက်
လရောင်အသိုက်မှာ ငှက်နှိုက်ဖို့
ကျောက်တောင်နံရံတွေကို အာခံနေတဲ့
တောင်တက်သမားတယောက်
မဏိမေခလာမရှိတဲ့သက္ကရာဇ်တွေထဲ
အလျားလိုက်လက်ပစ်ကူး
တံခွန်ခူးဖို့
ချောတိုင်တက်ခဲ့တယ်

သစ်ကောင်းအိမ်
(၂၉. ၇. ၂၀၀၈)



6 comments:

Moe Cho Thinn said...

မြေသားပေါ်က ငရဲသားအချင်းချင်း အားပေးတာလား?

အိန္ဒြာ said...

လူ့အဖြစ်သားရဲတွင်းထဲ
လေထီးမပွင့်ဘဲခုန်ဆင်းခဲ့
ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ဟာ
မဆုံးတဲ့ညဥ့်နက်တွေကို
လှိုဏ်ခေါင်းတူးဖောက်ထွက်နေတဲ့ မြေကြွက်တကောင်
မရိတ်သိမ်းရသေးတဲ့ ကောက်ရိုင်းပင်တွေအတွက်
နွေဦးကြိုတံစဉ်တလက်
လရောင်အသိုက်မှာ ငှက်နှိုက်ဖို့
ကျောက်တောင်နံရံတွေကို အာခံနေတဲ့
တောင်တက်သမားတယောက်
မဏိမေခလာမရှိတဲ့သက္ကရာဇ်တွေထဲ
အလျားလိုက်လက်ပစ်ကူး
တံခွန်ခူးဖို့
ချောတိုင်တက်ခဲ့တယ်

(..တံခွန်ခူးဖို့...၊ တံခွန်ခူးဖို့....တံခွန်ခူးဖို့....
တံခွန်ခူးဖို့....တံခွန်ခူးဖို့....တံခွန်ခူးဖို့..
..တံခွန်ခူးဖို့....)

MANORHARY said...

အမှန်ကလေထီးမပွင့်ပဲခုန်ဆင်းခဲ့ကတည်းက
သေခဲ့ဖို့ကောင်းတာနော်
ကံကောင်းချင်တော့ ပင်လယ်ထဲကျခဲ့ပြီး
ကံမကောင်းချင်တော့ မဏိမေခလာမရှိတဲ့
သက္ကရာဇ်တွေကိုအလျားလိုက်ဖြတ်ကူးနေရတာ
ချောတိုင်တက်ဖို့လက်ကျန်ခွန်အားလည်းမရှိတော့ပါဘူး
း(

Zephyr said...

cube ရိုက်တဲ့ ဒါရိုက်တာကတော့ ..

ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ဟာ
မဆုံးတဲ့ညဥ့်နက်တွေကို
လှိုဏ်ခေါင်းတူးဖောက်ထွက်နေတဲ့ မြေကြွက်တကောင်
ဆိုတဲ့စာကြောင်းဖတ်မိပြီး ...

သေတာပဲကောင်းပါတယ် ... ငါ့မှာတော့ ၁နာရီခွဲလောက်ရိုက်ထားရတယ် .. ဒါတောင် ငါ့ဇာတ်လမ်းက သူ့ကဗျာက စာကြောင်းလေးသုံးကြောင်းလောက် အားမကောင်းပါလားဆိုပြီးတော့လေ....။

ကဗျာတစ်ပုဒ်ပြီးတိုင်း Bravo လို့လာလာအော်နေရတယ် ....။

ကဗျာဆရာ အဆင်ပြေပါစေဗျာ ...။

ခင်မင်စွာဖြင့်
Z

emayarKhin said...

ကဗျာရဲ့စစခြင်းအပိုဒ်
ကိုကကောင်းလွန်းနေပြီ...........။

Moe Hlaing Nya said...

အစ်ကို ဓါတ်ပုံနဲ့ စာသားကို ကျွန်တော့် ဘလော့ရဲ့
ဆိုဒ်ဘားမှာ တင်ချင်လို့ ခွင့်ပြုပေးပါအစ်ကို
ခင်မင်လေးစားစွာဖြင့်