Wednesday, April 15, 2009

ခေါစာပစ်ခြင်းများ


ကံကောင်းချင်တော့ လေယာဉ်စီးရ
ကံဆိုးချင်တော့ လေယာဉ်ပျက်ကျ
အဲဒီ့ ဟာသလို လူ့ဘဝ

ကျနော်တို့ရဲ့ ဒုလ္လဘ
ခိုးသားငါးရာနဲ့သေဖော်ညှိရ
အရူးဖုတ်သွင်းရထားဆိုက်ကိန်းနဲ့ကြုံရ

ကျနော်တို့ရဲ့အိပ်မက်က
တစ္ဆေလိုက်တော့ ပြေးမရ
နမ်းမယ့်ဆဲဆဲ လန့်နိုးရ

ကျနော်တို့ရဲ့ရေပွက်က
ဇာတ်ဝင်ခန်းတိုင်း ဗီလိန်တွေပဲ အနိုင်ရ
'ရွှေဘကွ'လို့…..အော်ခွင့်မရ

ကျနော်တို့ရဲ့ဇာတက
မာရ်နတ်မင်းမှာလက်ရုံးပေါင်းတထောင်ရှိရ
ဟင်္သာကိုးသောင်းပျက်ကြရ

မလန်းဘူး
သမိုင်းက ကြွေးစာရင်းပို့နေပြီ။

မလန်းဘူး
မျိုးဆက်က နှိုးစက်မြည်နေပြီ။

မလန်းဘူး
မြစ်က လူခေါ်နေပြီ။

(မေ. ၂၀၀ရ)


3 comments:

လင်းဒီပ said...

“ကျနော်တို့ရဲ့ရေပွက်က
ဇာတ်ဝင်ခန်းတိုင်း ဗီလိန်တွေပဲ အနိုင်ရ
'ရွှေဘကွ'လို့…..အော်ခွင့်မရ”

တကယ်မလန်းပါဘူးဗျာ...။

Zephyr said...

ခေါစာပစ်ထားတာကြီးကို အဝေးကနေပဲလှမ်းဖတ်လိုက်တယ်ဗျို့ ...။

ကဗျာဆရာလိပ်ထဲ့ဆူရှီတော့မသိဘူး..
ဆူရှီဆရာလိပ်တဲ့ကဗျာတွေကတော့ ... အရသာ အမြဲမှန်နေတယ်....

ကျေူးဇူးတင်ပါတယ်...။

Moe Cho Thinn said...

သမိုင်းက မလန်းတဲ့အကြောင်း စပ်ထားတဲ့ ကဗျာက လန်းတယ် :)