Thursday, April 9, 2009
ပိတောက်စိမ်း
ကယ်လီဖိုးနီးယားရဲ့
ပူနွေးသောနေရောင်အောက်မှာ
ပိတောက်နာကျတဲ့နေ့ကပေါ့…..
ရေမပက်တဲ့အပျိုတွေ
အလိပ်ထဲမှာ မုဆိုးဖိုနဲ့ညားနေတယ်
မြနန္ဒာ ရေညိုညိုရစ်ကာသန်းတော့
အလိပ်ထဲမှာ မန်းတောင်ရိပ်ခိုနေတယ်
င၀န်မြစ်ထဲက ရေချိုးပြီးတက်လာတဲ့
ရေစက်လက်နဲ့ နေမ၀င်တံတားကြီးတန်းလမ်းမကြီးပေါ်မှာ
ဂျစ်ကားတစင်းနဲ့ရေပက်ခံထွက်နေတယ်
သင်္ကြန်မဏ္ဍပ်တွေမှာ
သံချပ်တွေလိုက်ကြည့်နေတယ်
ဆူရှီဘားထဲ
အမှတ်(၁)အထကကျောင်းအလံတိုင်မှာ
ခွပ်ဒေါင်းအလံတလူလူလွှင့်နေတယ်
ကိုရွှေသိမ်းမင်းရဲ့ မင်းရဲ့ချစ်ခြင်းမဲ့လူဝတ္တုထဲမှာ
ဆုဝေအတွက် ပိတောက်တွေပွင့်နေတယ်
ခင်သန်းနုက ရွှေခြေကျင်းတွေနဲ့ဝင်းပလို့
စန္ဒယားဆရာလေးကိုငြိမ်းမောင်က
ဆေးပေါ့လိပ်မီးခိုးငွေ့တွေကြားမှာဝေရီလို့
ဆူရှီဘားထဲ
၁၀ကြီမ်မြောက် သင်္ကြန်မိုးရုပ်ရှင်ကြည့်နေတယ်
လောကကိုထိုးပက်ဖို့
သားလက်က ရေပြွတ်ကလေး
ရေစုပ်ပေးနေတယ်
အမေ့ကိုလည်း
တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပေးနေတယ်
ဆူရှီဘားထဲ
ပြည်လှဖေက
ကိုယ်တိုင်လှရာရာရွေးလို့ရယ်
ပန်မပေးရ ဆံမြညှာကေနေတယ်
ကယောမလေးက
ဂစ်တာတီးပြီး ကိုယ့်ကိုသီချင်းတွေ ဆိုပြနေတယ်
ခုလိုနှစ်သစ်ကူးအခါသမယမှာ
ဂျီ-၂၀ အစည်းအဝေးကို
နားစွင့်နေတယ်
မြန်မာ့အရေးစောင့်ကြည့်လေ့လာသူတွေကိုလည်း
ပြန်ပြီးစောင့်ကြည့်လေ့လာနေမိတယ်
ကယ်လီဖိုးနီယားရဲ့ပူနွေးတဲ့နေရောင်အောက်မှာ
ပိတောက်နာကျတဲ့နေ့ကပေါ့
ဆူရှီဘားထဲ
ဓားတလက်နဲ့ရေပက်တမ်းကစားရင်း
အတာရေမစိုမှာစိုးလို့
ရေချိုးခန်းထဲဝင်ပြီး
ကိုယ့်ကိုယ်ကို ရေလောင်းချိုးနေမိတယ်။ ။
(၈. ဧပရယ်လ. ၂၀၀၉)
Subscribe to:
Post Comments (Atom)
8 comments:
ငိုသွားပြီဗျို့ ရေချိုးနေတဲ့လူကြီး..
ရင်နင့်လောက်အောင်ကောင်းတယ်ဗျာ ......
ထိမိလိုက်တာတဲ့  ကဗျာလေး......
ပိတောက်နာကျတဲ့နေ့ တဲ့ ...........
ခံစားသွားတယ်ဗျို့ ။
So C--R---U--E--L.
Your poem makes me sick. I hate yellow color, I hate water, I hate music, I hate -----in April especially this week. But I miss padauk flower, I miss the tough of cold Thingyan yay, I eargelly wants to hear Thingyan Music, if possible, i wanna meet atleast one Nyo Mya during Thingyan.
Let-----me-----go------------home.
ပိတောက်တွေအစိမ်းရောင်ထနေတဲ့တစ်နေ့
တံတားကြီးတန်းလမ်းမကိုဟိုဖက်ဒီဖက်ပိတ်ပြီး
ရေသဘင်ပွဲကျင်းပကြမယ်။စုရပ်က အမှတ်(၁)
စိုးစိုးလည်းခေါ်လိုက်။ဟိုသင်္ကြန်လူကြီးလုပ်ချင်
တဲ့ကိုထွေးရော..ကျော်မင်းနိုင်ရော...မဖြူရော
ဆူရှီဆိုင်ထဲမှာ အားလုံးကို ရောလိပ်နေတဲ့ ကဗျာဆရာ ရဲ့ ဆူရှီပိတောက်စိမ်းကို အကျအန ၀ါးစားသွားပါကြောင်း
ကဗျာဆရာရေ...
ကိုငြိမ်းမောင်ရဲ့ ဆေးပေါ့လိမ် မီးမှာ ကျနော်တို့ ဘ၀တွေရဲ့ ငယ်ပိတောက်တွေ မီးစွဲလောင်ကျွမ်းနေပြီပေါ့ ...
ခင်သန်းနု ရဲ့ ရွှေခြေကျင်းမှာ ပိတောက်တွေ ဘယ်တော့မှ ပွင့်နိုင်ခွင့်မရှိဘူးဗျ ...
မြန်မာ့အရေးကို စောင့်ကြည့်ခဲ့ကြတာ ကျနော်တို့ဖြတ်သန်းမှု အနှစ်နှစ်ဆယ်အတွင်း ဘာမျှထူးခြားမလာခဲ့ဘူး အဲဒီလေ့လာသူတွေရဲ့ လုပ်ရပ်တွေက အရူးမျက်လှည့်ပွဲ ကြည့်နေရသလိုပါပဲဗျာ
ဒီတခါ ပွင့်မယ့်ပိတောက်တွေက ကဗျာဆရာရဲ့ အစိမ်းရောင်လည်းဖြစ်မယ် အင်ပရက်ရှင်းနစ် ပန်းချီဆရာကြီး ဗင်ဂိုးရဲ့ အ၀ါရောင် ဘ၀အမုန်းတွေ ရွှမ်းဆိုနေမယ့် ဝေဒနာပိတောက်တွေပဲ ဖြစ်လိမ့်မယ်ဗျ ...
ကောင်းလိုက်တာ..
Post a Comment