Friday, April 3, 2009
ကမာပုလဲနှင့် ဂျီတော့ပေါ်မှာ စကားပြောခြင်း
တကယ်တော့
ပစ်စရာဆိုလို့ကျည်ဆံတတောင့်မှ
မကျန်တော့တဲ့နေ့မှာ
ကိုယ့်အပေါ်ကျရောက်လာမယ့်စီရင်ချက်တရပ်ကိုပဲ
သေသေသပ်သပ်စောင့်ကြည်နေရုံသာ
အီိရတ်က စစ်တပ်တွေ
ရုတ်မယ် ရုတ်မယ်နဲ့ တကယ်မရုတ်ဖြစ်သေးဘူး
ငါ့ဘ၀ထဲ မင်းဆုတ်ခွာသွားပုံကတော့
တကယ့်ကို မြန်မြန်ဆန်ဆန်
ကမာပုလဲ…
ကမာပုလဲ……တဲ့
အွန်လိုင်းပေါ်မှာ
ကဗျာဆရာကမာပုလဲက အော်ပြောတယ်
မင်းက အမေရိကန်သမ္မတတွေထက်
ပိုရက်စက်တဲ့မိန်းမ…..
ဘဂ္ဂဒက်မြို့ပျက်ကြီးတောင်
ငါ့နှလုံးသားလောင်ကျွမ်းမှုရဲ့
အပျက်စီးအဆုးံအရှုံးတွေကို
လိုက်မမီတော့ပါဘူးကွာတဲ့
ဘာရယ်မဟုတ်ပါဘူး
လေတိုးသွားလို့
ငါ့ခန်းစီးစတွေ လှုပ်ခါကျန်ရစ်တာပါ
ဘာရယ်မဟုတ်ပါဘူး
နေ့ခင်းကြောင်တောင်ကြီး
ပန်းတပွင့်နဲ့ ခလုတ်တိုက်လဲမိတာပါ
ဘာရယ်မဟုတ်ပါဘူး
ရေပြောင်းမြေပြောင်းမို့
ဖျားချင်နာချင်ဖြစ်မိတာပါ
ပန်းပဲဖိုထဲက ပေတုံးဘ၀ရောက်သွားတဲ့
သံလမ်းဟောင်းလေးတခုလို
လူခြေတိတ်ချိန်ညရောက်တိုင်း
ဟိုး အဝေးက မီးရထားဥသြသံတွေများလား…
ယောင်ယမ်းထထကြည့်တတ်တာကလွဲလို့
ဘာရယ်မဟုတ်ပါဘူး ။ ။
(၃၀၊ မတ်လ၊ ၂၀၀၉)
Subscribe to:
Post Comments (Atom)
2 comments:
အကိုသစ်ကောင်းအိမ်ရေ...
ကဗျာလေးတွေ တင်ပါဗျ...
အဟောင်းတွေပဲလာလာပြန်ဖတ်နေရတယ်..
ဆရာမမေငြိမ်းကအလုပ်တွေတအားရှုပ်တော့...
ကိုယ့်ဘာသာ..တင်ပေါ့..။
ကျွန်တော်လဲ ဒီလိုပဲ ဟိုလုပ်ဒီလုပ်နဲ့ တတ်သွားတာ..
အစစ အရာရာ အဆင်ပြေပါစေ...။
အကိုသစ်ကောင်းရေ...
ဘာရယ်မဟုတ်ပါဘူး ဆိုပြီး.. ရေးထားတဲ့
အပိုဒ်တွေကိုတော့ နှစ်သက်စွာ သဘောအကျမိဆုံးပါ...
ခင်မင်စွာ ချစ်ခြင်းအားဖြင့်...
Post a Comment