Friday, March 6, 2009

ကေခိုင်မရှိတဲ့ကမ္ဘာ


ခြေသံပြင်းပြင်းတွေနဲ့
မင်းနင်းထွက်သွားတဲ့ ငါ့ကြမ်းပြင်ပေါ်မှာ
တစက္ကန့်ဟာ တကမ္ဘာ
ရေပွက်ပမာဟာ
သံသရာလို ပွက်လို့ကွာ
ရှည်ကြာလွန်းလိုက်တာ


မင်းမရှိတဲ့ကမ္ဘာ
သစ်တောတွေ ပြုန်းတီးလို့
တောမီးတွေ လောင်လို့
စီးပွားပျက်ကပ်တွေ ဆိုက်လို့
သင်္ကန်းကိုစစ်ဖိနပ်နဲ့နင်းပြီး
ဘုရားကိုထီးတော်တွေ တင်လို့

တတိယကမ္ဘာရှိတယ်
တတိယနိုင်ငံရှိတယ်
တတိယအုပ်စုရှိတယ်
မင်းကျ ဘာလို့ မရှိတော့တာလဲ

မင်းမရှိတဲ့ကမ္ဘာ
ကဗျာနဲ့အသေခံဗုံးဖောက်ခွဲရေးသမားဟာ
ငါဖြစ်တယ်

မင်းမရှိတဲ့ကမ္ဘာ
ဖြုန်းစရာမိဘအမွေကလည်းမရှိတော့
ရှိသမျှအချိန်တွေကိုထိုင်ဖြုန်းရင်း
ရောက်လာတဲ့နေ့တွေကိုကျောမှီ
၂၃ နှစ်ပိုင်းတပိုင်းဒီဂရီပေါ် ထပ်မံတိမ်းစောင်းကာ

အဝေးပြောဖုန်းထဲမှာ ရှိုက်သံသဲ့သဲ့
မင်းရော ငါပါ ငိုနေမိခဲ့သလား

အသူရကာယ်ဘုံတဲ့..
မင်းမရှိတော့မှ ယုံမိတယ်။

(၆၊ မတ်လ၊ ၂၀၀၉)


11 comments:

မေငြိမ်း said...

ဒီအသေခံ ဗုံးခွဲသမားကလည်း ဗုံးကို တကိုင်ကိုင်နဲ့.. ခွဲလိုက်ပါတော့လားလို့ :P

Moe Cho Thinn said...

တယ်နုပါလားဝေ့..
တတိယတွေ တယ်ခေတ်စားပါလား။ :)
သူ့ဖာသာသူ တောမီးလောင် စီးပွားပျက်ကပ်ဆိုက် ထီးတော်တင်တဲ့ကိစ္စကလည်း ကေခိုင်နဲ့ ဆိုင်သေးသကိုး။ အဟက် ဟက်..

MANORHARY said...

ငါပြောသားပဲ
ငါ ကေခိုင့်ကိုလွမ်းတာပါလို့...ဟားဟား
ခုတော့ ကဗျာတောင်ထွက်လာပြီမဟုတ်လား
ကြည့်ရတာ ဒါမျက်ဖြေလင်္ကာများလား မသိ
း)

အိုင်လွယ်ပန် said...

အသူရကာယ်ဘုံတဲ့
မင်းမရှိတော့မှ ယုံမိတယ် ....

စာသားလေးကြိုက်တယ်အစ်ကိုရေ ....

အမည်မဲ့ said...

အစ်ကို ထပ်ပြောတယ်ဗျာ .. ကောင်းတယ် ..

ကိုရင်နော်ခင်လေးငယ် said...

အသေခံ ဗုံးခွဲသမားကို
လာဂါရပြုသွားတယ်...

ခင်မင်တဲ့...

မေ့သမီး said...

အစ်ကို စာသားတွေကမိုက်တယ်။ လွမ်းလို့ရေးတဲ့ ကဗျာတွေက ဒီတိုင်းရေးတဲ့ကဗျာတွေထက်ပိုလှတယ် ထင်တယ်။

အိန္ဒြာ said...

အစ်ကိုရေ...

အနုရောအကြမ်းရော ဖက်စပ်လှနေပါလား...

ဒါ့ထက်..ပုသိမ်မှာကျန်ခဲ့တာလားဟင်..(အဟဲ..)

thitkaungeain said...

ပုသိမ်မှာ ကျန်ခဲ့တာလားတဲ့
မမေငြိမ်းတို့ မနော်တို့ မမိုးချိုတို့ကိုသာ
မေးကြည့်တော့

Moe Myint Tane said...

အသူရကာယ်ဘုံတဲ့
မင်းမရှိတော့မှ ယုံမိတယ် ....

ကောင်းလိုက်တဲ့ အဖွဲ့ဗျာ။ အသည်းခိုက်သွားတယ်။


စိတ်၏စေရာနခံလေသော
မိုးမြင့်တိမ်

minhtinkyaw said...

Unbelievable!!!!!!!!