Tuesday, March 10, 2009

ပိတောက်တွေဖွင့်မယ့်သော့


အဲဒီနှင်းဆီဟာ ပန်းအိုးထဲ
ထိုးစိုက်ထားတဲ့နှင်းဆီမဟုတ်
သော့ခလောက်တလုံးထဲ
နှစ်ရှည်လများ စိုက်ပျိုးထားတဲ့နှင်းဆီ
သူ့ဆူးရိုးတွေနဲ့ အဲဒီ့သော့ခလောက်ကိုထိုးဖွင့်
ပွင့်လင်းလူ့ဘောင်
အောင်ဆန်းစုကြည်
အာဇာနည်
ငါတို့ခေတ်ကိုရောက်ရမည်။ ။

(၁၀ရက် ၊ မတ်လ ၊ ၂၀၀၉)

2 comments:

ကိုရင်နော်ခင်လေးငယ် said...

ကျက်သရေ မင်္ဂလာအပေါင်းနဲ့
ပြည့်စုံလှပ နေတဲ့ နှင်းဆီတစ်ပွင့်ကို
လွမ်းဆွတ် တမ်းတစွာ ငေးကြည့်သွားခဲ့တယ်..

အိုင်လွယ်ပန် said...

:P