Saturday, March 7, 2009

ရင်ခွင်ပိုက်ကောင်းကင်


မင်းနဲ့အတူ
အဆုတ်တခုထဲ သိမ်းကျုံးထည့်ထားပေါ့
လေထုတစ်ခုလုံးရှိတယ်။

မင်းနဲ့အတူ
နံရံကပ် ဗီရိုတစ်လုံးထဲမှာ
ကောင်းကင်သက်သတ်လွတ်စားလို့
နတ်ဖွက်ထားတဲ့ ကြယ်စင်တွေ ရှိတယ်။

မင်းနဲ့အတူ
ကိတ်မုန့်ဖိုတစ်ခုထဲမှာ
ပျောက်ဆုံးသွားတဲ့ ဂျုံခင်းတွေရှိတယ်။

ကမ္ဘာမြေရဲ့ ဧည့်ခန်းထဲ
ငလျင်တစ်ခုက ထမ်းခေါ်လာခဲ့
မိဘမဲ့တောင်တန်းတွေ လမ်းဖယ်ပေးလိုက်ပေါ့
နဂါးပေါက်ခံလိုက်ရတဲ့ မြေကွက်ကလေးတွေ အဆိပ်တက်
လယ်ကွင်းပြင်တွေရှိရာဘက်ကို ထွက်ပြေးလာနေရဲ့။

ဘတ်သီးတွေ
လင်းလာလိုက် မှိတ်သွားလိုက်
မိုတယ်လ် တံခါးတွေ
ပွင့်လာလိုက် ပိတ်သွားလိုက်
ပန်းခြုံအောက်က ခပ်အုပ်အုပ်ရယ်သံတွေ
ဝင်လာလိုက် ထွက်သွားလိုက်
ညစာစားပွဲတွေ သိမ်းဆည်းလိုက် ခင်းကျင်းလိုက်နဲ့
ပြက္ခဒိန်တွေသာ တစ်ရွက်ပြီး တစ်ရွက်
အသက်ကြီးပု ဖြစ်သွားခဲ့။

သူငယ်ပြန်နေတဲ့ နာရီတလုံးကတော့
လှလှပပ အိပ်မွေ့ချ နေဦးမှာပဲ
စီးကြောင်းလား
ချောင်းကောလား
ဒီလိုနဲ့ စဉ်းစားရင်း
ပြူတွင်းဝမှာ လာရပ်နေတဲ့
လေဖိအားနည်း ရပ်ဝန်းတစ်ခု
မသိကျိုးကျွန်ပြုလို့
ဗြူတီပါလာထဲက လေချွန်ပြီးထွက်လာတဲ့မြို့ကြီး
စီးမျောအား ကောင်းဆဲ။ ။

(၁၉၉၄)

အန်အယ်ဒီက တော်လှန်ရေးနေ့အမှတ်တရထုတ်တဲ့ ကဗျာစာအုပ်ထဲမှာရေးခဲ့တာ




5 comments:

Eaindra said...

အစ်ကိုရေ...

ကဗျာကောင်းကောင်းတွေဖတ်ခွင့်ရတော့
ကဗျာကို ကောင်းကောင်းရေးချင်လာတာပေါ့..
ကိုဖိုးညောင်ကြီးကို အခုဒီဘလော့ကိုပြနေရင်းကွန်းမန့်ရေးနေတာ...
ထမင်းအတင်းလာစားတယ်လေ...။
(၀ဋ်ကြွေးတွေမပြေနိုင်သေးတာ.ဒီအထိ)
ဇော်ကြီး.ကို သတိရကြောင်း
သာကြောင်း၊ မာကြောင်းသတင်းကြုံပါးလိုက်ပါတယ်တဲ့
(ချစ်ချစ်ရော..ဘယ်ရောက်နေလဲတဲ့...ဟဲဟဲ..)

ကိုရင်နော်ခင်လေးငယ် said...

အကိုသစ်...

သူငယ်ပြန်နေတဲ့ နာရီတလုံးကတော့
လှလှပပ အိပ်မွေ့ချ နေဦးမှာပဲ

လှလိုက်တဲ့ အဖွဲ့လေး....

with love

အိုင်လွယ်ပန် said...

ဖတ်သွားတယ်အစ်ကို ...

Moe Myint Tane said...

ကဗျာကောင်းလေး ခံစားသွားတယ် အကိုရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လင်းဦး(စိတ်ပညာ) said...

တော်တော်လေးကောင်းတဲ့ အဖွဲ့အနွဲ့ပါပဲ