Sunday, March 1, 2009

အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ်


လောက
အမှိုက်သရိုက်
အန်ဖတ်
ဒိုက်သရောတွေကို တိုက်စား
ဟိုး…ရေပြင်နက်နက်ဆီယူဆောင်သွားဖို့
မိုးမည်းမည်းတွေ
သည်းသည်းမဲမဲရွာစမ်းပါ

ပြည်သူလက်မဲ့အစိုးရ
နပုန်းပဏ္ဍုက်၊ ဘိန်းပွဲစား၊ ရိုဟင်ဂျာ
အားလုံးသတင်းဖြစ်နေတဲ့ခေတ်ကြီးမှာ
ငါမင်းကိုချစ်တာရော သတင်းမဖြစ်သင့်ဘူးလား

အရွယ်သုံးပါးမရွေးမိတတ်တဲ့ မိုးထဲ
မကြီးမငယ်နဲ့မိုးတွေ မိ….မိနေတယ်

လိင်တူအခွင့်အရေးကျွမ်းကျင်သူတွေတောင်
သူတို့မှာ လွတ်လပ်ခွင့်တွေရှိတယ်....ဆိုလေတော့
ဣထိယမှော်ဝင်သူရယ်လို့တော့
ငါ့ကို မပြစ်မှားသင့်ဘူးပေါ့ကွာ

အညှာကပဲလွယ်တာလား
အသည်းကပဲငယ်တာလား
တကယ်က…..
လေယာဉ်အချက်ပေးဥသြတွေဆွဲလို့
ဗုံးခိုကျင်းထဲ ခုန်ချမိတာပါ

ဒီကဗျာနဲ့
ငါ့ကိုယ်ငါ သက်ပျောက်ဆွမ်းသွတ်ခဲ့တယ်။ ။

(၂၈၊ ဖေဖော်ဝါရီ၊ ၂၀၀၉)



5 comments:

Moe Cho Thinn said...

လူရှိန်မလားလို့ ဟန်ကိုယ့်ဖို့ အချစ်ကဗျာတွေ ရေးနေသူကြီးရေ..ဒီကဗျာကတော့ အစစ်ထင်ပါရဲ့ :))

အိုင်လွယ်ပန် said...

ကောင်းတယ်ဗျာ

MANORHARY said...

အချက်ပေးဥသြဆွဲသံကြောင့် ခုန်ချမိတာဆိုပဲ
အဲဒီ အချက်ပေးဥသြသံက ဘယ်လိုမျိုးလေးပါလိမ့်
LUV DUFF LUV DUFF တဲ့လား..း)
ချိုသင်းရေ...စစ်လိုက်တာမှရေတောင်မရောဘူး..း)

အိန္ဒြာ said...

" အစ်ကိုသစ်ကောင်းအိမ် "

သိပ်ကိုနှစ်သက်ခဲ့ရတဲ့ ကဗျာဆရာတစ်ယောက်ရဲ့
ကဗျာတွေကိုပြန်ဖတ်ခွင့်ရတာ ၀မ်းသာလိုက်တာ..။
Post တွေတင်ပေးတဲ့ ဆရာမမေငြိမ်းကိုလဲကျေးဇူးတင်ပါတယ်..။
အစ်ကို့Blogကိုlinkလုပ်ခွင့်ပြုပါလို့ခွင့်တောင်းချင်ပါတယ်။
အစ်ကို အစစအရာရာ အဆင်ပြေချောမွေ့နိုင်ပါစေ..။

လေးစားခင်မင်စွာ

ကိုရင်နော်ခင်လေးငယ် said...

အကိုသစ်ကောင်းရေ.....

အမိုးသမီးလေးကြောင့် မိုးတွေမိနေတာလည်း
သတင်းပေါ့ အကိုရဲ့... :P

အရွယ်သုံးပါးမရွေးမိတတ်တဲ့ မိုးထဲ
မကြီးမငယ်နဲ့မိုးတွေ မိ….မိနေတယ်

မိုက်တယ်...
အအေးမိနေမယ်နော့...

ခင်မင်ခြင်းဖြင့်..