Monday, January 9, 2012

လရောင်အောက်က တောခွေးများ


အိမ်ပေါက်စေ့ မုန့်ညင်းစေ့ရှာသလို
 ပြက္ခဒိန်ထဲ
သေနတ်တချက်မှ မပေါက်ဖူးတဲ့နေ့ရက်တရက်ကို
အိပ်မက်ရင်းနဲ့လိုက်ရှာ

ကြာလာတော့
ကိုယ့်အနာဖေးကိုယ်ထိုင်ခွာနေရတာကိုပဲ
အရသာတခုလိုဖြစ်လာ
*ဒဏ်ရာကင်းမဲ့တဲ့သူရဲကောင်းဆိုတာ
လိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်…လို့အဆိုရှိလေရာ

မနက်တုံးဆီက ကြော့ဆုံးမှာ
နှင်းဆီဟာ ခွာလိပ်လို့

အချစ်ဆုံးရေ
စစ်ရှုံးတာလည်း
နှစ်သုံးဆယ်မပြည့်သေးပါဘူး

နွားရိုင်းသွင်းချိန်လည်းဆုံးပြီ
ညီအကိုလုံးလုံးမသိတော့ဘူး….

လရောင်နဲ့ထောင်ဖမ်းဖို့
သားရဲတွင်းနှုတ်ခမ်းဝမှာ
လမင်းဟာ ဓားရိုးကမ်းလို့…..။                   ။

သစ်ကောင်းအိမ်
(၀၉ ၊ ၁၈ ၊၂၀၁၁
(မောက္ခတွင်ဖော်ပြပြီး...)

No comments: