Saturday, December 31, 2011

၂၀၁၁များ..


လူပြက်တွေ လူပျက်တွေဖြစ်သွားတဲ့
၂၀၁၁များ


နိုဗယ်ဆုရှင်က
တိုဖယ်ဆင်းဖြေနေတဲ့
၂၀၁၁များ


ကဗျာဆရာတွေ
ကပျာကယာ မှတ်ပုံတင်နေတဲ့
၂၀၁၁များ


ဒါရိုက်တာတွေကိုလည်း
ကာဗရိုက်တာပြင်ရဦးမယ့်
၂၀၁၁များ


မုန်တိုင်းက သိုးရေခြုံထားတာပါလို့
ငါဖော့တွေးခဲ့တဲ့
၂၀၁၁များ


အဆိုတော်တွေက
ဘောလုံးပွဲနဲ့မှားပြီး
ခွပ်ဒေါင်းအလံပါးမှာကပ်
သောင်းသောင်းဖျဖျကြိုဆိုကျေနပ်ခဲ့လေသူ
၂၀၁၁များ


ပုတ်သင်ညိုက
တောက်တဲ့ကို အရေဆုပ်ပြီး
ပြောက်ကျားဝတ်စုံဝတ်ထားတဲ့
၂၀၁၁များ


ခွေးထက်မိုက်တဲ့သတ္တဝါ..တဲ့
ကဒါဖီထက်မိုက်တဲ့ကောင်တွေကိုပဲတွေ့ခဲ့ရ
၂၀၁၁များ


မြစ်ဆုံစီမံကိန်းကိုရပ်တန့်ပြီး
သံဆူးဖိနပ်နဲ့ပါးစပ်ကိုဆို့
ကျနော်တို့ နှုတ်ကိုလုံအောင်ပိတ်ခဲ့လေသူ
၂၀၁၁များ


ဆက်ရေးလည်း
လက်ရေးပဲဖြစ်တော့မယ့်
သွားလေသူ
၂၀၁၁များ။ ။


သစ်ကောင်းအိမ်

(၃၁။ ဒီဇင်ဘာ။ ၂၀၁၁)

1 comment:

Anonymous said...
This comment has been removed by a blog administrator.