Sunday, September 26, 2010

သာမန်ပြည်သူတယောက်



ဘယ်သူ့ဂရုစိုက်ရမှာလဲ
ငါတို့အခုရောက်နေတာ
အရက်သောက်ဖို့နဲ့စိတ်အချဉ်ပေါက်ဖို့ပဲကောင်းတဲ့
ခေတ်ကြီး အခါကြီး သမယကြီဲး
ဆင်ဖြူများရှင်ဖြစ်ရတာလည်း ဒုက္ခ
နိုဗယ်လ်ဆုရှင်ဖြစ်ရတာလည်း ဒုက္ခ
အတွင်းမှာ အပြောင်းအလဲတခုတော့လိုအပ်နေပြီဗျ…
အဲဒါတော့ မင်းပြောမှလား နွားရဲ့
ဒီမှာလည်း အရေးတကြီး
ပေါင်းလက်စမယားကို အသစ်လဲဖို့လိုနေတယ်
စီးလက်စ, ကားကိုအသစ်လဲဖို့လိုနေတယ်
လေပါတယ်
ခင်ဗျားကြီးဟာ အပူသက်သက်
ဒယ်အိုးတင်ပြီးကြော်ရုံပဲ….
အသားတင်ပြီးကင်ရုံပဲ….
အဲဒီမှာ စတွေ့တာပဲ
ဘင်လာဒင်နဲ့ချောစုခင်နဲ့
ဘုန်းကြီးရူးနဲ့ဝိုင်းစုခိုင်သိန်းနဲ့
…..ဒီမယ် မိန်းကလေး
ိ ငါ့ရင်ခွင်ကို မင်းဝင်ချင်ဝင် ထွက်ချင်ထွက်
ဟိုသတ္တဝါရွေးကောက်ပွဲဝင်သလိုမဝင်လေနဲ့…..ဆိုတဲ့
တောပြဇာတ်ထဲကဒိုင်ယာလော့နဲ့
ဥဿဘတွေများလွန်းလို့
ဘယ်နွားနောက်လိုက်ပြီးမြက်စားရမယ်မှန်းမသိတဲ့လောကကြီးပါကွာ
အိုနာကျိုးကန်းကြီး
မြေခွေးအမြီးပြတ်ကြီး
သူ့အမြီးပြတ်နဲ့သူ ယပ်ခတ်လို့ လေချွန်လို့
ဘုရားဖူးထွက်လို့ ချစ်ကြည်ရေးခရီးတွေသွားလို့
ရဲရဲတောက်ကျွန်ုပ်တို့သည်လည်း
ဆိုင်ကယ်တဝီဝီကားတဝီဝီနဲ့
ဘယ်ကိုချီတက်နေသလဲရဲဘော်တို့
ဒီတချီ ညနေစောင်းပြန်တော့
ကမ္ဘာမကြေဘူး သီချင်းဟောင်းတပုဒ်နဲ့ပဲ
ဒီနှစ်ကိုလည်း ဒီအဖြစ်နဲ့ပဲ ခုခံကြပါဦးစို့။ ။

(၂၅. စက်တင်ဘာ.၂၀၁၀)

7 comments:

MANORHARY said...

လဲစရာရှိတာ လဲလိုက်ပြီလား ..း)

မေငြိမ်း said...

အမလေး.. လဲနိုင်လိမ့်မယ် အားကြီး.. သူ့မှာ အလိုက်ပေးစရာမှ မရှိတာ.. ဟီဟိ

tin min htet said...

အပျောက်ကြီးပျောက်နေတာ
အလဲကြီးလဲနေတာကိုး ..

thitkaungeain said...

လဲချင်သူတွေလဲဖို့ရှိနေတာတွေပြောတာပါ
ကျနော်ကတော့ အင်ဂျလီနာဂျိုလီအိမ်ပေါ်ကဆင်းလာတယ်ဆိုတာတောင်
လက်ခံမထားလိုက်ပါဘူး

thitkaungeain said...

လဲချင်သူတွေလဲဖို့ရှိနေတာတွေပြောတာပါ
ကျနော်ကတော့ အင်ဂျလီနာဂျိုလီအိမ်ပေါ်ကဆင်းလာတယ်ဆိုတာတောင်
လက်ခံမထားလိုက်ပါဘူး

Eaindra said...

ဂျိုလီ့မှာက ကလေးတွေများတယ်လေ
လုပ်ကျွေးရတော့မှာ.....ဒါကြောင့်

Aung Din said...

ကောင်းတယ်ဗျ၊ ကြိုက်တယ်၊ နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ၊ ဒီကနေ့ဖြစ်နေတာတွေကို မျက်နှာဖုံးခွါချပြလိုက်သလိုပါပဲ။

အောင်ဒင်