Friday, December 25, 2009

ရေခဲဖုတ်ကောင်


ပိုးဖလံတွေ မီးထဲ အပျံသင်သလို
ငါးမန်းတွေ သွေးညှီနံ့နောက်လိုက်သလို
နုံးတိုးငါးတွေ အေးရာအေးရာအေးကြောင်းရှာသလို
အပျော်ကြီးပျော်နေတဲ့ အပျော်ကြီးထဲမှာ
ပျော်သွားတဲ့အပျော်တွေကိုပြန်ရေ

ဖြတ်ခဲ့တဲ့ အဖြတ်တွေ
ဖြစ်ခဲ့တဲ့ အဖြစ်တွေ
တကယ်က
အဖြတ်ခံခဲ့ရတဲ့အဖြတ်တွေ
အဖြစ်ခံခဲ့ရတဲ့ အဖြစ်တွေ

ပျော်ပါတယ်
ပျော်စရာဆိုလို့
အရည်မပျော်အောင်တောင့်ခဲ
နေရောင်မလာအောင်ကျိန်ဆဲနေမိတဲ့
ကိုယ်က ရေခဲဖုတ်ကောင်

နှင်းတစပြင်မှာ
ဆောင်းမီးလောင်ရင်း
ကျနော် ပျော်ပါတယ်
လူ့သမိုင်းထဲငိုက်မြည်းသူ
ကျိုးလွယ်ဆတ်လွယ်မကောင်းမြင်ဝါဒီစကားဝါကိုင်း

ကျနော်
အကောင်းမြင်ပါတယ်
အကောင်းပြည်ကြီးကိုပြန်သွားတယ်
အကောင်းပြည်ကြီးကပြန်လာတယ်

လှလှ
ဒုက္ခနဲ့တွေ့မှပိုလှမယ့်
ကျမနာမည်လှလှ။

(၂၄၊ ဒီဇင်ဘာ၊ ၂၀၀၉)

1 comment:

မောင်သုည said...

နှင်းတစပြင်မှာ
ဆောင်းမီးလောင်ရင်း
ကျနော်ပျော်ပါတယ်
လူ့ သမိုင်းထဲငိုက်မြည်းသူ
ကျိုးလွယ်ဆတ်လွယ်မကောင်းမြင်ဝါဒီစကားဝါတိုင်း

ကျနော်
အကောင်းမြင်ပါတယ်
(အကောင်းအဆိုး အမှားအမှန်တွေဟာ နေရာဒေသ၊ပုဂ္ဂိုလ်သတ္တ၀ါ၊အချေနေအချိန်ခါပေါ်မှာသာတည်
ပါတယ် ခုလိုအကောင်းမြင်နိုင်တော့ငြိမ်းချမ်းတာပေါ့)