Sunday, November 4, 2007

ရွှေဝါရောင် စပါးတွေ ရင့်မှည့်နေပြီ ညီမလေး




ငါတို့ ကိုးကွယ်တဲ့ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့ ဦးညွှတ်တဲ့ တရားကို
လှံစွပ်နဲ့ ထိုးသူ
ငါတို့ ၀ပ်တွားတဲ့ ၀တ္တကမြေကို
ကျည်ဆံနဲ့ မီးလောင်တိုက်သွင်းသူ

လမ်းဘေး
တွေ့ရာအုတ်ခဲနဲ့ ငါတို့ ပြန်ထုတယ်
ဒါ … အကြမ်းဖက်မှုလား

ကမ်းကြမ်း ဖက်ထားကြ
ငါတို့ရွက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ

ကြမ်းကြမ်း ဖက်ထားကြ
ငါတို့တက်တွေကို
ကြမ်းကြမ်း ဖက်ထားကြ

ရန်သူကို ရန်သူလို့ မခေါ်နဲ့ဆို
ငယ်ငယ်က ဖတ်ဖူးတဲ့ ကာတွန်းထဲက လူရိုင်းတွေလို
“ ယူသန် … ယူသန်..” လို့ အော်မယ်

မစ္စတာ ဘန်ကီမွန်းရေ ….
အသက်ကယ်ဘော မပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီ မ၀တ်ဘဲ
ရေနစ်နေတဲ့ ခေတ်တစ်ခေတ်ဟာ
ငါတို့ဖြစ်တယ်

မြင်ကွင်းတွေဟာ ဟင်းလင်းပဲ

ဆောင်းဦးပေါက် ကွင်းပြင်မှာတော့
ရွှေဝါရောင် စပါးတွေ
ဝင်းမှည့်နေပြီ ညီမလေး ။ ။

သစ်ကောင်းအိမ်
(၀၄၊ ၁၁၊ ၂၀၀၇)
(မူရင်း -
http://www.mizzimaburmese.com/component/content/article/16/458---.html
http://lawkanat.myanmarbloggers.org/2007_11_07_archive.html )

No comments: