Wednesday, November 4, 2009

ပလူကောင်များ

မိုးရွာပြီးစ ညနေခင်း
ကမ္ဘာမြေရဲ့ထိုင်းမှိုင်းမှုထဲက
သူတို့ ထွက်ပြေးလာ
မှော်တတ်တဲ့
သူတို့ရဲ့မီးတောက်မီးလျှံတွေဆီ
မမြင်မကန်း၊ သူတို့ ပြေးထွက်သွား
မနက်လင်းတော့
ဓာတ်မီးတိုင်တွေရဲ့ခြေရင်းမှာ
သူတို့အိပ်မက်တွေကို
သူတို့အတောင်ပံတွေအဖြစ်နဲ့ မြင်တွေ့လိုက်ရတယ်။ ။

( ၁၉၉၆ ရနံ့သစ်မဂ္ဂဇင်း)

5 comments:

MANORHARY said...

အသေခံ
အတောင်ကျွတ်အိပ်မက်များ
မီးတောက်များနှင့်ပျော်ပါးရာ ...
သံသရာပါဝဋ်ကြွေးများ ..

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

တခုခု ၇ဘို့  အတွက်ပေးဆပ်ခဲ့တာ ဆိုရင် တန်ပါတယ် ခုတော့......

Eaindra said...

မီးလျှံ...
ရွှေရောင် လောင်ကျွမ်းမှုတွေ နဲ့ လှပ..
မှော်တစ်ခုလို ညှို့ငင် ကျုံးသွင်းသမျှ...
အတောင်ပံတွေ ကြွေကျတဲ့အထိ..
ရူးခဲ့တယ်

Sein Lyan Tun said...

လောင်ကျွမ်းသွားပြီးမှတော့ ဒီလောင်ကျွမ်းတောင်ပံတွေကို ထပ်မမြင်ချင်တော့ဘူး..


ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

လင်းဝေအိမ် said...

မာယာများတဲ့ လမ်းမမှာ
ကံတရားနဲ့ အပြေးပြိုင်ရင်း
အိပ်မက်တွေမြေမှာဖြန့် ခင်းလိုက်ရသူများ...