Thursday, August 27, 2009

poem from an old magazine in 2003

ပြတင်းတံခါးအပိတ်
သစ်ကောင်းအိမ်
သြဂုတ် ၂၉၊ ၂၀၀၉

တံခါးတချပ်ပြီး တံခါးတချပ်
အခန်းတခန်းပြီး အခန်းတခန်း
သုံ့ပန်းတယောက်ပြီး သုံ့ပန်းတယောက်
ဧကရာဇ်တပါးပြီး ဧကရာဇ်တပါး
စစ်ပွဲတပွဲပြီး ငြိမ်းချမ်းရေးတဆူ
ငြိမ်းချမ်းရေးတဆူပြီး စစ်ပွဲတပွဲ
ဝါဒတရပ်ပြီး ဝါဒတရပ်
ဓာတ်ကြီးလေးပါးပြီး ဓာတ်ကြီးလေးပါး
မနက်ဖြန် ရောက်လာမယ့် မိုးသောက်ဟာ
မနေ့က ပျောက်ဆုံးသွားတဲ့ ဆည်းဆာတခု
ရှုမျှော်ခင်းရဲ့အဆုံးမှာ
နောက်ထပ် ... ၃၆ဝံရှိတဲ့ သံသရာတခု
နောက်ထပ် ... စက်ဝိုင်းဖြတ်မယ့် မျဉ်းတကြောင်း

[ မူရင်း - ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂ဝဝ၃ ]

3 comments:

MANORHARY said...

တံခါးတွေတစ်ချပ်ပြီးတစ်ချပ်
တဖျတ်ဖျတ်တော့ပိတ်သွားတာပဲ
စိတ်တွေမှာ လုံခြုံနေဖို့ပဲလိုတာ
တစ်သံသရာပြီးတစ်သံသရာ....
.................

Eaindra said...

မနက်ဖြန် ရောက်လာမယ့် မိုးသောက်ဟာ
မနေ့က ပျောက်ဆုံးသွားတဲ့ ဆည်းဆာတခု



ွှအဲသလို
ကဗျာလေးအဟောင်းလေးတွေလည်း..
တင်ပေးပါ..အကို...

အိုင်လွယ်ပန် said...

ပြူတင်းတံခါးတစ်ချပ်အပိတ်ဟာ
နောက်ထပ် ပြူတင်းတစ်ခါး တစ်ချပ်အဖွင့်
တစ်သံသရာ ပြီးတော့ နောက်တစ်သံသရာ ...