Wednesday, August 5, 2009

ခုတလောများ

ဝန်ခံချက်
(မနော်(မနော်ဟရီ)က ခုတလောအကြောင်း ရေးခိုင်းလာလို့ သူတို့ရဲ့ ခုတလောတွေကိုလည်း သူတို့ဘလော့ အသီးသီးမှာ ရေးထားကြတဲ့ ဆရာဆရာမတွေကို အားကျပြီး ကျနော့်ရဲ့ ခုတလောများအကြောင်းကို ရေးတတ်သလို ချရေးကြည့်မိတာပါ။ ။)
ခုတလော
ရှုရှိုက်နေရတဲ့လေကိုက မှောင်မှောင်မည်းမည်းကြီး ခုတလော
နေ့တွေက ငါ့ကိုနေထိုင်သွားကြတယ် ခုတလော
ညတွေက ငါ့ကို ၀င်အိပ်သွားကြတယ် ခုတလော
ရစ်လုံးတလုံးနဲ့ချည်နှောင်ရင်း
ကောင်းကင်ထဲ ဆွဲကြိုးချသေသူ စက္ကူစွန်တစင်းရဲ့ဈာပနမှာ
ခုတလော
အာဖရိကတောနက်ထဲ ပဒူတွင်းတက်နင်းမိသလို ခုတလော
မြွေပြွေးသိုက်ထဲ လက်နှိုက်ပြီး ချိုးဥပျောက်လိုက်ရှာနေမိတယ်
ခုတလော
ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ညသီချင်းကိုဆိုရင်း မျက်ရည်ကျနေတုံးပဲလားရဲကြီးရေ
ခုတလော­­
ဒေ၀ဒတ်နဲ့အဇာတသတ်မျိုးစပ်ထားတဲ့ကောင်တွေနဲ့
ခုတလော
ခုတလော ဟိုတလောက နှစ်တွေအတိုင်း ခုတလော
စောစောက မစောတော့ဘူးပြောပေမဲ့
ငါလား အနှစ်နှစ်ဆယ် အကျောပေးထားတာပါကွာလို့
ရယ်ရယ်မောမောနဲ့
စောစောကို အရှက်ပြေပြန်ပြောရဦးတော့မယ့် ခုတလော
ဟိုတလောကနှစ်တွေအတိုင်းပါပဲ ခုတလော

(၄။ သြဂတ်စလ။ ၂၀၀၉)

7 comments:

MieMie said...

ဒီကဗျာဆရာရဲ့  ခုတလောတွေ ရေးထားတာက
အော်ရီဂျင်နယ်တဂ်မှာပါတဲ့ အချက်နှစ်ဆယ်ကျော်မပြည့်လို့ နောက်တခေါက်ပြန်ရေးပါ...

mie nge

tin min htet said...

အားလုံးကို ကဗျာနဲ့ပဲ ပြောမယ်လို့ ဆုံးဖြတ်ထားတယ် ထင်တယ်။ အိမ်မှာရော "လျှာအရင်းမြက်အောင် ဘာဟင်းချက်သလဲ ရှင်မရေ" ဆိုတာမျိုးလား

MANORHARY said...

ဟုတ်တယ်
ခုတလောက
ဟိုတလောက နှစ်တွေအတိုင်းပဲ
အမှောင်တွေကိုရှုရှိုက်ပစ်နေရတာကလည်း
ဟိုတလောက အတိုင်းပဲ
ကြယ်တွေစုံတဲ့ည သီချင်းကို မျက်ရည်တွေနဲ့ နားထောင်နေမိတာကလည်း ဟိုတလောကအတိုင်းပဲ
ဇာတ်တော်လာဗီလိန်ချင်းမျိုးစပ်ထားတဲ့ကောင်တွေကို
တွေ့တွေ့နေရတာလည်း ဟိုတလောက အတိုင်းပဲ
စောစောကိုတော့ ဒင်း စောစောမလာရကောင်းလား လို့ပဲ အကောင်းမမြင်နိုင်စွာ
ရန်တွေ့ချင်နေတော့ရဲ့........

Eaindra said...

အခုတလော...

ပုဆိုးအသစ်ကလေး..၀တ်ဝတ်ပြီး လွမ်းနေတာ ကျ မပါဘူးးး..။

အိုင်လွယ်ပန် said...

ခုတလော ကို
လာ ချောင်းသွားတယ်အစ်ကိုရေ

Anonymous said...

ကဗျာက လန်းလှချေလား.. ထိ၏

Anonymous said...

ဗျို့  သစ်ကောင်းအိမ်(Thit Kaung Eain)
ဖူးပွင့်ဝေ မှာတွေ့လိုက်တယ်၊
ခင်ဗျားရဲ့ ခုတလော ကို
သူတို့နဲ့ တုမပြောပါဘူး
ကျုပ် ညှိစွန်းသွားမိတာက
ရစ်လုံးတလုံးနဲ့ချည်နောင်ရင်း
ကောင်းကင်ကြိုးဆွဲချသေသူ
စက္ကစွန်တစင်းရဲ့ဈာပန
ဒီ အပိုဒ်လေးကကျုပ်ရဲ့ရင်ဘတ်အတွင်သားကို
လာချိတ်မိသွားတယ်။