Sunday, June 28, 2009

ဇွန် ၂၈သို့ စံပယ်ပန်းများစွာဖြင့်



ဒီတနှစ်ကိုလည်း

ပစ်လိုက်ရပြန်ပြီ။

ဒီအဖြစ်မှာလည်း

ပျက်လိုက်ရပြန်ပြီ။

နှစ်လေးဆယ်နားက

မြစ်ကွေ့မှာ

နေကောင်းကျန်းမာပါစေ

ငါ့အချစ်။

ငါ့တနွေလုံး နေလုံးကွယ်ခဲ့

ငါ့တမိုးလုံး မိုးမီးလောင်ခဲ့

ငါ့တဆောင်းလုံးလည်း စောင်းကြိုးတွေပြတ်ခဲ့

နှစ်လေးဆယ်နားက

မြစ်ကွေ့မှာ

ကျန်းမာပျော်ရွှင်နိုင်ပါစေ

ငါ့အချစ်။

နှစ်ခြောက်ဆယ်အမောထဲမှာ

ငါမျောနေတာလည်း

ပျော်တယ်လို့ပဲ ပြောရမယ်

ဗေဒါလမ်းမှာ လွမ်းစရာဘာရှိလဲ

လမ်းဆုံးတော့ ရွာပျောက်တယ်

အလွမ်းဆုံးရေ

အကြမ်းဆုံးမြစ်ကို ဆန်ဦးစို့

နှစ်လေးဆယ်နားက

မြစ်ကွေ့မှာ

ကျန်းမာပျော်ရွှင်နိုင်ပါစေ

ငါ့အချစ်။


(၂၈. ၆. ၂၀၀၉)




7 comments:

အိုင်လွယ်ပန် said...

မြစ်ကွေ့ မှာ ..
မြစ်ကွေ့မှာ ....

အဲဒီမြစ်ကွေ့မှာပဲ ...ကျန်းမာပျော်ရွှင်နိုင်ပါစေအစ်ကိုရေ ။

MANORHARY said...

အော် ..ကဗျာဆရာ ကဗျာဆရာ
ကဗျာဆရာဆိုတာမာယာအထပ်ထပ်နဲ့
စကားလုံးတွေကို သတိချပ်စောင့်ကြည့်နေရမယ့်သူ
..................း)း)

mgphonemyint said...

ဖြစ်နိုင်တယ်..မနော်ပြောတာ ..ဒီတခါတော့ ခိုင်လုံသော သတင်းရပ်ကွက်မှ လာတဲ့သတင်းအရ လက်ခံလိုက်ပြီ ..

အိန္ဒြာ said...

မမရေ...

နောက်ကဗျာ တစ်ပုဒ်ကလဲမကြာမီလာမည်မျှော်ဆိုသလို...

ကဗျာဆရာထဲက မာယာ၅ထပ်ကွမ်းပိုင်ရှင်လေ..မမ
မြန်မာပြည်က ရန်အောင်လိုပေါ့..။

လွမ်းတတ်လိုက်တာလည်း နှစ်ယောက်မရှိတဲ့ ကဗျာဆရာ..။

( မမကေခိုင်ကြွေစေသတည်း....။)

အကို ဘာကိုပဲ ချရေးချရေးကောင်းနေတဲ့ အကို့ စကားလုံးတွေကို ဦးညွှတ်သွားပါတယ်..။

ခင်မင်လေးစားစွာ

Moe Cho Thinn said...

သူ့စံပယ်တွေက
လက်ခံရသူတော့ မသိ။
ဘေးကလူတွေတောင်
မွှေး လိုက်တာ။

minhtinkyaw said...

စပယ်တွေကမွှေးပါတယ်.....

minhtinkyaw said...
This comment has been removed by the author.