Saturday, February 28, 2009

အမိုးသမီးလေးက ငါ့ကိုမိုးထားတယ်


သို့
သူငယ်ချင်းလေး ကိုမြတ်ကို
တက္ကဆက်မှာ
ပန်းခူးတော့မယ်ကြားတာပဲ
ပန်းခူးမယ်ဆိုလည်း ကြည့်ကျက်တော့ခူး
ဟိုသတ္တ၀ါပန်းသွားတဲ့ပန်းဆို
လွမ်းစရာတွေဖြစ်နေဦးမယ် ကိုယ့်လူရာ


စိတ်မကောင်းစရာပါ
ကျနော့အမကြီးတယောက်တော့
မနက်မနက်ဆို
မဲဆောက်က ထုံထောင်းရပ်ကွက်ထဲ
ပတ်ပတ်ပြေးနေတယ်....ဆိုလား
ကြားတယ်

အမေရိကားစီးပွားပျက်ကပ်မှာ
အမေရိကားကိုလာကပ်ရလို့လည်း
ဝမ်းနည်းမနေပါနဲ့
အဝေးရောက်အမတ်မင်းတွေတောင်
လစာမရကြတော့ဘူးဆိုဘဲ

အိပ်မက်ညှိုးတွေနဲ့ တရေးလန့်အနိုး
ကိုယ့်ကိုစိုစွတ်ပေးဖူးတဲ့
အဝေးကမိုးပြေးလေးတဖြိုက်ကိုလည်း
တမ်းတတတ တမ်းတမိ
အမိုးသမီးလေးက
ငါ့ကို လာလာမိုးနေတယ်

လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ်
လက်မှတ်ထိုးတဲ့လက်ကို မြို့ကဖြတ်လိမ့်မယ်

၂၀၁၀မှာလည်း ညာပါ
၂၀၂၀ရောက်လည်း ငါတို့ကိုညာပါ
အညာခံဖို့
ငါတို့မှာ အညှာတွေခိုင်ပါသေးတယ်

ဒေါက်တာလွဏ်းတော့
ယောင်ရမ်းတယ်
တက္ကသိုလ်မှာ ဝေတဲ့နှင်းရေ
ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာတဲ့

အမိုးသမီးလေးက ငါ့ကိုမိုးထားပေါ့။ ။

(၂၃။ ဖေဖော်ဝါရီ။ ၂၀၀၉)

လက်မှတ်ထိုးတဲ့လက်ဟာ မြို့ကို ဖျက်တယ် (ဝေလနယ်သားကဗျာဆရာ ဒိုင်လန်တောမတ်၏ ကဗျာခေါင်းစဉ်)


3 comments:

ဆောင်းယွန်းလ said...

အညာခံခဲ့ရမှုတွေနဲ့ နှစ်ရှည်လများပေါင်းဖက်ခဲ့ရပြီကော
ညီရေ့

ကိုရင်နော်ခင်လေးငယ် said...

အကိုရေ...
ကဗျာလာဖတ်သွားပါတယ်...
အမှတ်တမဲ့ မထင်မှတ်ဘဲ လွန်ခဲ့တဲ့ အပတ်က
ဒီ ဘလော့ကို ရှာတွေ့ခဲ့မိတာပါ...
နှစ်သက်လွန်းလို့ ရေးထားသမျှ ကဗျာအဟောင်းတွေပါ အားလုံးကို
အကုန်ဖတ်ခဲ့မိတယ်...

((၂၀၁၀မှာလည်း ညာပါ
၂၀၂၀ရောက်လည်း ငါတို့ကိုညာပါ
အညာခံဖို့
ငါတို့မှာ အညှာတွေခိုင်ပါသေးတယ်))

အကို့ နမိတ်သံကို စိုးရိမ်သွားတယ်...

လေးစားခြင်းအားဖြင့်.....

အိုင်လွယ်ပန် said...

ကဗျာဖတ်သွားတယ်အစ်ကိုရေ ...