Sunday, February 22, 2009

ခင်ခင်ပျိုရေ ... ညနေခင်းဆို လေတွေပြို


တောမီးလောင်နေချိန်မှာ
တောကြောင်တွေ လမ်းသလားနေတာ
ဆန်းသလားမေပျိုရယ် ...

ဗိုလ်အောင်ကျော်လမ်း
ဆဲဗဲင်းလက်ဖက်ရည်ဆိုင်မှာ
ငူငူငိုင်ငိုင်နဲ့
ကိုအောင်ချိမ့်တယောက်တော့
ခင်ခင်ပျိုကို စောင့်နေရှာသတဲ့။

၃၃ လမ်းရေ ...
၃၃ ဘ၀မက ငါလွမ်းဆွတ်မိပါရဲ့။

ခုချိန်ဆို
၃၃ လမ်းထိပ် ခရေပင်ရိပ်မှာ
စာငှက်ကလေးတွေ
အိပ်တန်းတက်နေရှာရော့မယ်။

ဒီမယ် ကိုလှသန်း
ငါတို့အောင်မြင်မှုဟာ
ညနေခင်းအရက်ဝိုင်း
အဲဒီအရက်ဝိုင်းမှာ
အရက်တပိုင်းတော့ လပ်ဟာနေမှာပဲ။

အဲဒီခွက်ကို
ကျနော်သောက်မယ် ။ ။

သစ်ကောင်းအိမ်
(၂၀၊ ဖေဖော်ဝါရီ၊ ၂၀၀၉)

2 comments:

MANORHARY said...

ကိုလှသန်းဆီက အရက်လုသောက်မလို့လား ..း)
ကောင်းတာကတော့ အထူးပြောစရာမလိုတဲ့ကဗျာပါ..
အမှတ်(၁)ထွက်တွေပဲ..း)

Zephyr said...

မ မနော်ဟရီ blog ကနေတစ်ဆင့်ရောက်လာတာပါ ...
ကဗျာတွေကို ကြိုက်ပါတယ် ...အိုင်ပက်သူကို လေးလေးနက်နက်တွေးကြည့်နေပါတယ် ....။
ကဗျာတွေ အတွက် ကျေးဇူးတင်လျက် ..
Z