Wednesday, November 5, 2008

နေထိုင်ကောင်းအောင်သာနေပါ

လက်ကိုင်ဖုန်းတွေရှိတယ်
ဖုန်းထဲမှာ ပိုက်ဆံမရှိဘူး...။

သွားစရာမြေရှိတယ်
သွားစရာနေထိုင်ခွင့် လက်မှတ်မရှိဘူး။

ဒေါနတောင်တန်းတွေ လှမ်းမြင်နေတယ်
ပြန်စရာတိုင်းပြည်မရှိဘူး။

အနော်ရထာလမ်းမပေါ်မှာလည်း ကျီးကန်းတောင်းမှောက်
မဲဆောက်လမ်းတွေပေါ် ရောက်တော့လည်း

ကျီးကန်းတောင်းမှောက်
အသက်ရှူမဖြောင့်ခဲ့ကြပုံများပြောပါတယ်...။

သြော်ရွှေပဲကျင်ရမလို
ကြမ်းပိုးပဲရှာရမလို
လူ့အဖြစ်များ....

ကိုယ့်အခန်းကမိုးမလုံ
ကမ္ဘာမြေပုံပေါ်မှာလည်း လုံခြုံရာကို ရှာမတွေ့တော့
ကိုယ့်နားထင်ကိုယ် သေနတ်နဲ့တော့ကာ

ချိုးကူသံကို တမ်းတရင်း ငှက်ဆိုးသံတွေနဲ့
မိုးစင်စင်လင်းရတဲ့
လူ့အဖြစ်များ....။

သစ်ကောင်းအိမ်

မူရင်း-
http://www.punkrockmee.co.cc/2008/08/blog-post_14.html

No comments: