အိမ်ပေါက်စေ့ မုန့်ညင်းစေ့ရှာသလိုပြက္ခဒိန်ထဲသေနတ်တချက်မှ မပေါက်ဖူးတဲ့နေ့ရက်တရက်ကိုအိပ်မက်ရင်းနဲ့လိုက်ရှာကြာလာတော့ကိုယ့်အနာဖေးကိုယ်ထိုင်ခွာနေရတာကိုပဲအရသာတခုလိုဖြစ်လာ*ဒဏ်ရာကင်းမဲ့တဲ့သူရဲကောင်းဆိုတာလိမ်ညာဖြီးဖြန်းသူပဲဖြစ်လိမ့်မယ်…လို့အဆိုရှိလေရာမနက်တုံးဆီက ကြော့ဆုံးမှာနှင်းဆီဟာ ခွာလိပ်လို့အချစ်ဆုံးရေစစ်ရှုံးတာလည်းနှစ်သုံးဆယ်မပြည့်သေးပါဘူးနွားရိုင်းသွင်းချိန်လည်းဆုံးပြီညီအကိုလုံးလုံးမသိတော့ဘူး….လရောင်နဲ့ထောင်ဖမ်းဖို့သားရဲတွင်းနှုတ်ခမ်းဝမှာလမင်းဟာ ဓားရိုးကမ်းလို့…..။ ။သစ်ကောင်းအိမ်(၀၉ ၊ ၁၈ ၊၂၀၁၁)(မောက္ခတွင်ဖော်ပြပြီး...)
No comments:
Post a Comment